ဆင်းရဲသားပပျောက်ရေးsteemCreated with Sketch.

in #the7 years ago (edited)

တစ်ခါကဒီကမ္ဘာကြီးဟာ အလွန်တရာပဲတိုးတက်ဖွံ့ဖြိုးနေတယ်တဲ့။ဒါပေမယ့်နိုင်ငံလေးတစ်ခုကတော့အင်မတန်ဆင်းရဲမွဲတေသူပေါများ
လေသတဲ့။တစ်နေ့တော့အဲ့ဒီနိုင်ငံရဲ့လွှတ်တော်တစ်ခုမှာ နိုင်ငံတော်သမ္မတကြီးက ဆင်းရဲ့သားပပျောက်ရေးစီမံကိန်းတစ်ခုကိုတင်ပြပြီး
ဆင်းရဲသားပပျောက်အောင်လုပ်ပေးနိုင်တဲ့လွှတ်တော်အမတ်ရှိပါကဖိတ်ခေါ်ပါကြောင်းပြောကြားတယ်တဲ့။အမတ်တစ်ယောက်ကထပြောတယ်ကျနော်မျိုး ဆယ်နှစ်အတွင်းဆင်းရဲသားပပျောက်အောင်လုပ်နိုင်ကြောင်းအာမခံသတဲ့။ဒါပေမယ့်သမ္မတကြီးက သူ့သက်တမ်း
တောင်ငါးနှစ်ပဲရှိတဲ့အတွက်ဒီအစီအစဉ်ကိုမကြိုက်ဖူးတဲ့။နောက်တစ်ယောက်ကထပြောပြန်တယ်။ကျနော်မျိုးငါးနှစ်အတွင်းအောင်မြင်
အောင်လုပ်နိုင်ပါတယ်လို့ဆိုသတဲ့။ဒါကိုလည်းသဘောမကျပါယ်ချပြန်ပါတယ်။တစ်ယောက်ပီးတစ်ယောက် လေးနှစ် သုံးနှစ် နှစ်နှစ် တစ်နှစ်စသဖြင့်တင်ပြကြသော်လည်းသမ္မတကြီးကအားရတော်မမူတဲ့အဆုံး စိတ်မ၇ှည်တော့တဲ့အမတ်တစ်ယောက်ကထပြောလိုက်
တယ်။ကျနော်မျိုးတစ်ရက်အတွင်းဆင်းရဲသားအားလုံးပပျောက်သွားအောင်လုပ်နိုင်ကြောင်းအာမခံကြောင်းပြောလိုက်သတဲ့။သမ္မတကြီး
လည်းအလွန်သဘောကျလှသဖြင့်...သဘောတူလိုက်တယ်တဲ့။အဲ့ဒီအခါအမတ်ကကျနော်မျိုးတောင်းဆိုစရာရှိပါတယ်။လက်နက်အပြည့်အစုံပါတဲ့တပ်ရင်းတစ်ရင်းကိုပေးတော်မူပါလို့တောင်းဆိုပါတယ်။သမ္မတကြီးကလည်းသဘောတူလိုက်ပါတယ်။ဒီလိုနဲ့နောက်နေ့
မှာအမတ်ကြီးဟာ မြို့ကြီးတစ်မြို့ကိုသွားပြီးဆင်းရဲသားများဘောလုံးကွင်းထဲသို့ကြွရောက်ကြရမည်ဖြစ်ကြောင်း ဆင်းရဲသားအားလုံးကို
ပပျောက်စေမှာဖြစ်ကြောင်းရပ်ကွက်အုပ်ချုပ်ရေးမူးများမှတစ်ဆင့်ကြေငြာမောင်းခတ်စေတယ်။မြို့ထဲကဆင်းရဲသားတွေလည်း..ငါတို့
တော့နိုင်ငံတော်ကထောက်ပံ့တော့မယ်ဟေ့ဆိုပြီးတစ်အိမ်တစ်ယောက်မက ပျော်ရွှင်စွာဖြင့်ဘောလုံးကွင်းကြီးထဲစုဝေးရောက်ရှိ
လာကြလေတယ်ပေါ့။။ကဲအခုပဲဆင်းရဲသားပပျောက်ရေးကိုစတင်မှာဖြစ်ပါတယ် အားလုံးမတ်တပ်ရပ်ပေးကြပါလို့စိုပြီး ပါလာတဲ့တပ်ရင်းကိုပြစ်မိန့်ပေးလိုက်တယ်ဆိုရင်ပဲ...ရောက်လာတဲ့ဆင်းရဲသားတွေကိုလက်နက်ကြီးလက်နက်ငယ်ပေါင်းစုံဖြင့်မိနစ်ပိုင်းအတွင်းအပြတ်ရှုင်းလိုက်တယ်တဲ့။ဒီဆင်းရဲသားပပျောက်ရေးသတင်းဟာတနိုင်ငံလုံးပျံ့နှံသွားခဲ့တာပေါ့။နောက်တစ်နေ့လွှတ်တော်
အစည်းအဝေးမှာသမ္မတကြီးက တာဝန်ခံအမတ်ကို မေးပါတယ်...ဆင်းရဲသားပပျော်ရေးအောင်မြင်ပါရဲ့လားပေါ့။အမတ်ကလည်းပြန်ပြောလိုက်ပါတယ် သမ္မတကြီးကိုယ်တိုင်စုံစမ်းတော်မူပါ
ကျနော်မျိုးရဲ့ဆင်းရဲသားပပျောက်ရေးဟာတနိုင်ငံလုံးအတိုင်းအတာနဲ့အောင်မြင်ခဲ့ပါတယ်။အခုကျနော်တို့နိုင်ငံမှာဆင်းရဲသားမရှိတော့ပါလို့ပြောကြားလိုက်တယ်တဲ့။နောက်နေ့သမ္မတကြီးရုံးတော်မှအမိန့်ထုတ်ပြန်တယ်...တိုင်းနဲ့ပြည်နယ်အသီးသီးမှသက်ဆိုင်ရာတာ
ဝန်ခံများ မိမိတို့ဒေသအသီးသီးဆင်းရဲသားများစာရင်းကိုတင်ပြကြရမည်။တိုင်းဒေသကြီးအသီးသီးပြည်နယ်အသီးသီးမှတာဝန်ရှိသူများ
ကဆင်းရဲသားများစာရင်းလိုက်ကောက်ကြရာမည်သူမျှဆင်းရဲသည်ဟုမပြောကြပဲအဆင်ပြေကြသည်ဟုသာပြောဆိုကြသဖြင့်သမ္မထံ
အစီရင်ခံကြတာပေါ့။ဒီလိုနဲ့အဲ့ဒီတိုင်းပြည်ကြီးမှာဆင်းရဲသားလုံးဝပပျောက်သွားတယ်တဲ့ဗျာ။သေမှာထက်တော့ပိုမဆင်းရဲပါဘူးနော်။
ဘာမှမုတ်ဖူး တွေးမိတွေးရာ zawmyothant(philosophy)2t.jpg

Sort:  

ရေးတာမဆိုးပါဘူး၊ဒါပေမယ် tag မှားနေတယ် ၊

[ဟုတ်ကဲ့story ဆိုမှန်မလားမသိပြောင်းထားလက်ပီ

tag မှန်အောင် လေ့လာဦး bro

https://steemit.com/tags
အဲ့မှာ tags တွေ ကြည့်နိုင်ပါတယ် ကိုယ်ရေးတာနဲ့အဆင်ပြေတာကြည့်ပါ