ပထမဆုံးကွင်းဆင်းခြင်း(KSZY)

in #steemit7 years ago (edited)

ကျွန်တော်ဒီနေ့အတွေ့အကြုံရအောင် တောင်သူတွေဆီ ကွင်းလိုက်ဆင်းခဲ့တယ်။တလုတ္ထော်ရွာဘက်ကို စပါးခင်းကြည့်စရာရှိလို့ လိုက်သွားခဲ့ပါတယ်။ဟသာင်္တကနေဆို တလုတ္ထော်ကို ၁နာရီနီးပါးလောက်တော့မောင်းရပါတယ်။တလုတ္ထော်ရောက်တော့ မရမ်းပင်ထိပ်ကျောင်းတိုက်ကနေ ဝင်ပြီးတော့ လမ်းတွေကို ဟိုကြားဒီကြားကနေသွားလိုက်တာ ကွက်သစ်ရွာရောက်ခဲ့တယ်။ရွာရောက်တော့ဘနေ့လည် ၁၂နာရီကျော်နေပြီဆိုတော့ တောင်သူဆီမှာဘဲထမင်းစားခဲ့ရတယ်။ထမင်းကတော့အတော်စားကောင်းတယ်ဗျ။ငါးကြော်နှပ်လေးကို ငါးပိချက်နဲ့ ဆွဲလိုက်တာ ဇလုံတစ်ခုပြောင်ပါလေရော။စားပြီးသောက်ပြီးတာနဲ့ ရွာထဲကိုထွက်ခဲ့ပြီး ကျွန်တော်တို့ရဲ့ တောင်သူတွေကိုစုပြီး လယ်ကွင်းဘေးကအိမ်ဆီထွက်ခဲ့တယ်။အဲမှာကျတော့ တောင်သူတွေက လက်ဖက် ကော်ဖီ ရေနွေးကြမ်းအစုံနဲ့ဧည့်ခံပြန်ရော၊မစားရင်တောင်အတင်းကျွေးတာဗျ၊ရွာသူရွာသားတွေသဘောကောင်းချက်ကတော့ လက်လန်တယ်ဗျို့။
လူစုံပြီဆိုတာနဲ့ ကျွန်တော်တို့နဲ့ပါလာတဲ့ ငွေချေးကုမ္ပဏီက ဝန်ထမ်းတွေက တောင်သူတွေကို စစ်တမ်းကောက်စရာရှိတာကောက်၊feedback ပြန်ကောက်၊သူတို့ပြီးပြီဆိုတာနဲ့ လယ်ကွင်းထဲကိုဆင်းခဲ့လိုက်တယ်။တောဘွတ်တို့ ဘာတို့လဲစီးမနေတော့ဘူး ခြေပြောင်နဲ့ဘဲ လယ်ကွင်းထဲတိုးပြီး လျောက်လိုက်တာ ရွံ့တွေက ဒူးထိကိုဖွေးနေတာဘဲ။လယ်ကွက်ထဲကိုဆင်းပြီး ဝါနေတဲ့အပင်တွေကိုနူတ် အမြစ်တွေကြည့် အပင်အောက်ခြေတွေကြည့် အရွက်တွေကြည့် အရွက်ကိုပွတ်ဆွဲကည့် အနီကြောင်းလေးမှာ စိုလာရင် ဘက်တီရီးယားရွက်ခြောက်ဖြစ်နေတာလို့မှတ်ယူနိုင်တယ်။စပါးပင်ရဲ့ အောက်ခြေကိုဖြဲကြည့်လိုက်ရင် ဖြူဖြူသေးသေး လေးတွေထပျံတာကိုမြင်ရတယ်။အဲဒါဆိုဖြုတ်ကျတာ။ဖြုတ်ကြောင့်လဲဘက်တီးရီးယားရောဂါဖြစ်တာ။ကျွန်တော်သွားတော့ တစ်ရွာလုံးနီးပါးကလယ်ကွက်တွေက ဖြုတ်တွေကြနေတယ်ဗျ။တောင်သူတွေကလဲလယ်ကွက်တွေကိုဂရုစိုက်မှုနဲကြတယ်။သူတို့ကအဓိက ပဲ ကိုဘဲအာရုံစိုက်ကြတာ။စပါးကိုသိပ်အလေးမထားကြဘူး။အဲဒါနဲ့သူတို့တွေကို လက်တွေ့ပြ ဘာရောဂါကြနေတယ်၊ဘာဆေးသုံးကမယ်ဆိုတာ သူတို့ကိုလမ်းညွန်ပေးခဲ့တယ်။အဲဒါနဲ့ ရွာတွေလယ်ကွက်တွေစုံတာနဲ့ ဆိုင်ကယ်ထားတဲ့အိမ်ဆီပြန်ခဲ့ကြတယ်။ခေါ်လာတဲ့သူက ဒီဖက်ကဆို နီးတယ်ဆိုပြီး ဖြတ်လမ်းကသွားတာ ရေအိုင်ထဲလဲဖြတ်ရတယ်၊တောထဲလဲတိုးရတယ်။တော်တော်ကိုအတွေ့အကြုံရခဲ့ပါတယ်။ပျော်ဖို့လဲကောင်းတယ်။ကျွန်တော်ရဲ့ပထမဆုံးကွင်းဆင်းရတဲ့အတွေ့အကြုံကတော့ အမှတ်တရပါဘဲ။

image
image
ဘက်တီးရီယားကြောင့်အရွက်များဝါနေပုံ

image
သံဓာတ်များနေသောအမြစ်နှင့်ပုပ်နေသောအမြစ်

image
စပါးတွင်ကျသော ဆစ်ပိုး

image
စပါးနှင့်ဆင်တူသော စပါးယောင်ပေါင်း

image

image
လယ်ကွင်းထဲရှိတောင်သူများနှင့်ကျွန်တော်

Writer-Kaung Set Zaya

Sort:  

ကောင်းတယ် ကျွန်တော်လည်း တော်သားလေးဆိုတော့ လယ်၊ယာတွေကို ချစ်မြတ်နိုးတယ်...ဆက်ပြီး ရေးပါ

ဟုတ်ကဲ့ပါ

ပုံလေးတည့်ပီးတော့ထည့်ပါဗျာ ခေါင်းမူးတတ်လို့ပါ

နောက်တစ်ခါကျအတည့်ထည့်ပေးမယ် ခုတော် ဖုန်းလေးစောင်းကြည့်လိုက်ဦး