မင်္ဂလာပါ

in #myanmar3 years ago

Steemit ကို စ သုံးဖြစ်တာက သိပ် မကြာသေးပါဘူး။ လက်တလောမှာ FB breakdown ဖြစ်ပြီးတဲ့နောက် Blockchain Social Media ကို သဘောကျတာနဲ့ လိုက်ရှာတော့ ဒီဟာကို တွေ့တာနဲ့ စ သုံးဖြစ်သွားတာပါ။ အစကတည်းက လည်တာကတော့ Key တွေ အများကြီးကိစ္စပဲ။ နောက်ပိုင်းမှ သိရတာက ပုံမှန်ဆိုရင် Posting Key နဲ့ ဝင်ရုံပါတဲ့။ ကျန်တာတွေက နောက်ပိုင်းကျမှ သုံးရုံပေါ့။ အရေးကြီးတဲ့အချက်ကတော့ ထုတ်ပေးထားတဲ့ Key File မပျောက်အောင် ထိန်းသိမ်းဖို့ပါ။

ကိုယ့်အမြင်တော့ Centralized Social Media ထက် DeCentralized/Blockchain Social Media ကို ပို သဘောကျမိတာ အမှန်။ လက်ရှိမှာ Facebook & Twitter တို့က ရှေ့ရောက်နေပေမဲ့ နောက်ပိုင်းမှာ ဒီဟာမျိုးတွေက အများကြီး ခေတ်စားလာဖို့လည်း ရှိသေးတယ်။ အဓိက အချက်က ကိုယ့်ဘာသာစကားနဲ့ အသုံးပြုသူ များနေဖို့ပါ။ ဒါမှလည်း Community ဆန်မှာကိုး။ လက်ရှိမှာတော့ Myanmar Community 3 ခု တွေ့ပါတယ်။ သူတို့လည်း မသုံးကြတာ ကြာပါပြီ။

သတိပြုမိတာတစ်ခုကတော့ tag တွေ တွဲတဲ့အခါ မြန်မာစာ ပါလို့ မရသေးတာပဲ။ မြန်မာစာ ပါတာကို Uppercase နဲ့ ရေးတယ်လို့ သူက သတ်မှတ်ပုံရတယ်။ tag တွေမှာက Lowercase ပဲ ပါရမဲ့သဘောရှိ။ ဒီကိစ္စ နောက်ပိုင်းမှာ သူတို့ဆီကို အကူအညီ တောင်းရမယ်။

ကျန်းမာကြပါစေ။

Sort:  
Loading...