ပြတ်ပြတ်သားသားဆုံးဖြတ်လုပ်ကိုင်ခြင်း၏အကျိုးကျေးဇူး

in #myanmar7 years ago (edited)

image
ယခုတင်ပြမယ့်ဆောင်းပါးအမည်ကတော့ ပြတ်ပြတ်သာသား ဆုံးဖြတ်လုပ်ကိုင်တတ်ခြင်း ဖြစ်ပါတယ်။
ဘဏ်လုပ်ငန်းရှင်ကြီးတစ်ဦးက သူ၏ဘဝတစ်လျှောက် လုပ်ငန်းအောင်မြင်ကြီးပွား၍ စိတ်ချမ်းသာပျော်ရွှမှုများ ရရှိစေသည့်အဓိကအကြောင်းရင်းသည် မည်သည့်အလုပ်ကိုမဆို ပြတ်ပြတ်သားသား စဉ်းစားဆုံးဖြတ်ပြီး ဆုံးဖြတ်ချက် အတိုင်းမတွန့်မဆုတ် လုပ်တတ်ခြင်းပင်ဖြစ်ကြောင်းေပြောဆိုခဲ့ဖူးသည်။
image
တစ်စုံတစ်ရာ ဆုံးဖြတ်လုပ်ကိုင်သူသည် အမှန်ကိုလုပ်မိနိုင်သကဲ့သို့အမှားကိုလည်းလုပ်မိနိုင်သည်။သို့သော်မှားလျှင် အမှန်ပြင်နိုင်၏။ထို့ပြင် သူ၏အမှားသည် နေ့ခြင်းပြီးဆုံးဖြတ်လုပ်ကိုင်ရမည့် အလုပ်ကို တစ်လကြာအောင်အချိန်ယူစဉ်းစားနေသောသူ၏အမှားလောက်မကြီးမားနိုင်ပေ။
image
ပြတ်ပြတ်သားသားမဆုံးဖြတ်တတ်သောသူမှာ ပြသနာအစိုင်အခဲများကို ခေါင်းထဲမွေးမြူ ထားကာ အမြဲဦးနှောက်လေးလံဖိစီးနေတတ်သည်။သည်လူမျိုးမှာ စိတ်မချမ်းသာ အလုပ်လည်းမဖြစ်ဘဲ အောင်မြင်မှုနှင့်လည်းကင်းဝေးနေရလေသည်။
image
ပြတ်ပြတ်သားသားဆုံးဖြတ်သူကား မိမိကိုယ်ကိုယုံကြည်စိတ်ရှိကာ ဆုံးဖြတ်သည့်အတိုင်းလုပ်ရန်လည်း ထက်သန်တက်ကြွနေတတ်သည်။သည်လိုလူမျိုးမှာ မိမိလုပ်ငန်းအတွက် အများကိုစည်းရုံးခေါ်ဆောင်နိုင်၏။အများ၏လေးစားအားထားမှုကိုခံယူရ၏။ထိုအခါ''ကိုယ့်လမ်းကိုသိကာေဖြောင့်တန်းစွာသွားနေသူအား တလောကလုံးပင် လမ်းရှင်းဘေးဖယ်ပေးကြလိမ့်မည်'' ဟူသောစကားအတိုင်း သူ၏ ခရီးပန်းတိုင်သို့ တန်းတန်းမတ်မတ်ပင်ရောက်ရှိရပေသည်။
image
ဇဝေဇဝါသမားအတွက် ဘဝသည် အမြဲ ခက်ခဲရှုပ်ထွေးနေတတ်၏။ကိုယ့်လုပ်ငန်း ကိုယ့်လမ်းကြောင်းကိုပြတ်ပြတ်သားသား ရွေးချယ်ဆုံးဖြတ် လုပ်ကိုင်တတ်သူအတွက်မူ ဘဝသည် ပျော်စရာကောင်းသော အားကစားပြိုင်ပွဲတစ်ရပ်ပင် ဖြစ်နေပေမည်။

   HFS-B6