People hitching-post

in #myanmar7 years ago

People hitching-post

A person walking seen a sudden stop. The nylon hand see that cotton was reported. He was surprised.

This monster is a small cable and thread it does not run even though I am alone. Nearby lies the attendant asked. "The tiny creature is very strong here, and why control was reported to me, he was never afraid to flee, not me," he asked.

Control "when he was a child, I had been tied, Could not get them, Until now I can not get this line does not mind because I did not, "he replied.

Our life is also so well.
Some say the existence of the opportunity to improve your life, it's impossible to see a self-tie is not a doubt in my mind, I believe, do not depart from the poverty-priced office.

Some ailments and those of parents, teachers environment ideologically tied. Most of our philosophy to try to make removing the graduates have been input. Aaron is important work to be a good employee must learn to seek the past 15 years. The split over the emerging Network Marketing could be divided and the overall atmosphere is about time. Some of these local bonds is leaving office to a successful life is why I had to abandon.

Others just two previous company failed to get a life running out. At one time I was able to longer life can never past the mistakes of the past are bound to depart from office are far away from success.

How to succeed in life is tied visible inside. And then cut off.

I think not yet.
Environment, the words do not seem to care.
Do not bind past.

What business does not succeed by making a one-time once.

In fact, life is like a boxing ring. Surrounded by a faulty cable on the floor the referee does not specify the loss. You can re-set loss to me. Loss I'm sure that if you lose lifetime.

ချည်တိုင်မိနေသူများ

လူတစ်ယောက်ဟာ လမ်းလျှောက်လာရင်း ဆင်တွေ မြင်ပြီး ရုတ်တရက် လန့်သွားတယ်။ ဆင်တွေရဲ့ ရှေ့လက်မှာ နိုင်လွန်ကြိုးလေးတစ်ချောင်းပဲ ချည်ထားတာကို တွေ့လိုက်ရလို့ပဲဖြစ်ပါတယ်။ သူ အံ့သြသွားပါတယ်။

ဒီလို ဧရာမသတ္တဝါကြီးက ကြိုးသေးသေးလေးနဲ့ ချည်ထားတာတောင် ဘာကြောင့် မပြေးတာလဲလို့ တစ်ယောက်တည်း တွေးနေမိတယ်။ အဲ့ဒီလိုနဲ့ အနီးနားမှာရှိတဲ့ ဆင်ထိန်းကို မေးလိုက်ပါတယ်။ "အကို ဆင်ဆိုတဲ့သတ္တဝါက တော်တော်အားသန်တာဗျ၊ ကြိုးသေးသေးလေးနဲ့ ထိန်းထားတာကို ဘာလို့မပြေးကြတာလဲ၊ ရန်မူမှာ မကြောက်ဖူးလား၊ သံကြိုးလည်း မဟုတ်ဘဲနဲ့ဗျာ” လို့ မေးလိုက်ပါတယ်။

ဆင်ထိန်းက “ ဒီဆင်တွေက ငယ်ငယ်လေးကတည်းက အဲဒီကြိုးလေးနဲ့ ချည်ခံထားရတယ်၊ သူတို့ မရုန်းနိုင်ခဲ့ဘူး၊ အခု ကြီးလာတဲ့အထိ သူတို့ စိတ်ထဲမှာ ဒီကြိုးကို ဘယ်တော့မှာ မရုန်းနိုင်ဘူးလို့ စိတ်စွဲနေတာဗျ” လို့ ပြန်ဖြေလိုက်ပါတယ်။

ကျွန်တော်တို့လူ့ဘဝမှာလည်း ထို့နည်းလည်းကောင်းပါပဲ။
အချို့ဆို ကိုယ့်ဘဝတိုးတက်ဖို့ အခွင့်အလမ်း ရှိနေတာကို သိနေပါရဲ့ မြင်နေပါရဲ့နဲ့တောင် ငါ့အတွက်တော့ မဖြစ်နိုင်ပါဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် မယုံကြည်တဲ့ သံသယစိတ်တွေနဲ့ အချည်နှောင်ခံပြီး ဆင်းရဲတွင်းထဲက ရုံးမထွက်ကြဘူး။

အချို့ဆိုလည်း မိဘ ဆရာသမား ပတ်ဝန်းကျင်စတဲ့ သူတွေရဲ့ အတွေးအခေါ်တွေနဲ့ ချည်နှောင်ခံထားရတယ်။ များသောအားဖြင့် ကျွန်တော်တို့ အတွေးအခေါ်ထဲ ရိုက်သွင်း ခံထားရတာက ဘွဲ့ရပညာတတ် ဖြစ်အောင်ကြိုးစား။ အဲဒါမှ အလုပ်နေရာ ကောင်းကောင်းရမယ်ဆိုပြီး လခစားဝန်ထမ်း ဖြစ်ဖို့အရေး ၁၅ နှစ် လုံးလုံး ကြိုးစားပမ်းစား ပညာတွေ သင်ယူခဲ့ကြတယ်။ အဲ့ဒီဘောင်ထဲက ခွဲထွက်ပြီး Network Marketing အကြောင်းပြောလိုက်တာနဲ့ ပတ်ဝန်းကျင်တခုလုံးက ဝိုင်းပြီး ဝေဖန်တာကို ခံရပြန်တယ်။ အချို့ဆို အဲဒီပတ်ဝန်းကျင်ရဲ့ ချည်နှောင်မှုက ရုံးမထွက်နိုင်ပဲ အောင်မြင်မယ့်ဘဝကို စွန့်လွှတ်လိုက်ရတယ်။

တချို့ကျတော့လဲ အရင်က ကုမ္ပဏီတစ်ခု နှစ်ခုလောက် မအောင်မြင်ခဲ့ဖူးတာနဲ့ပဲ တစ်သက်လုံးအတွက် အရှုံးပေးလိုက်ကြတယ်။ တစ်ချိန်တုန်းက ကိုယ်မစွမ်းဆောင်နိုင်ခဲ့တာကို တစ်သက်လုံး ငါဘယ်တော့မှ မလုပ်နိုင်တော့ဘူးဆိုပြီး အတိတ်ကအမှားကိုပဲ ပြန်တမ်းတရင်း အတိတ်ရဲ့ ချည်နှောင်မှုထဲက ရုံးမထွက်နိုင်ပဲ အောင်မြင်မှုနဲ့ ဝေးကွာနေကြတယ်။

ဘဝမှာအောင်မြင်ချင်ရင် ကိုယ့်ကို ဘယ်လိုကြိုးက ချည်နှောင်ထားတာလဲ မြင်အောင်ကြည့်ပါ။ ပြီးရင် ပြတ်အောင်ဖြတ်ပါ။

ကိုယ့်ကိုယ်ကိုယ် အထင်မသေးပါနဲ့။
ပတ်ဝန်းကျင်က စကားလုံးတွေကို ဂရုမစိုက်ပါနဲ့။
အတိတ်ရဲ့ချည်နှောင်မှုကို မခံပါနဲ့။

ဘယ်လုပ်ငန်းမှ တစ်ခါတည်း တကြိမ်တည်း လုပ်ရုံနဲ့ အောင်မြင်တာမရှိပါဘူး။

တကယ်တော့ ဘဝဆိုတာ လက်ဝှေ့ကြိုးဝိုင်းလိုပါပဲ။ ကြမ်းပြင်ပေါ် လဲသွားတာကို ကြိုးဝိုင်းဒိုင်က အရှုံးလို့ မသတ်မှတ်ပါဘူး။ သင်ပြန်မထလာမှ အရှုံးလို့ သတ်မှတ်လိုက်တာပါ။ အရှုံးဆိုတာကို ရင်ဝယ်ပိုက်ထားရင်တော့ တစ်သက်လုံးရှုံးမှာ သေချာပါတယ်။