ပြဿနာဆိုတာ ကိုယ်ရှာတာ…

in #myanmar6 years ago (edited)

ဒီတစ်ခါPro Postမှာတော့ ဘာမဆို
ကိုယ့်စိတ်ခံယူထားသလိုဖြစ်လာတယ်
ဆိုတဲ့အကြောင်းလေးပြောပြချင်ပါ
တယ်။ကြာတော့ကြာခဲ့ပါပြီ။
မိုးရာသီဝင်ခါစကဖြစ်မှာပေါ့။
စိမ်းရွှင်ရွှင်အကောင်တွေအများကြီး
မဖိတ်ခေါ်ဘဲရောက်လာခဲ့တယ်။
ရောက်လာတာကလည်းတကယ့်
လမ်းပေါ်ကိုတက်လာကြတာပါ။
ဆိုင်ကယ်စီးတဲ့အခါ
မျက်စိထဲဝင်လို့ဝင် အကျီင်္တွေထဲဝင်
ကိုက်တော့ ယားလို့ယားနဲ့ တကယ်
ကိုစိတ်ဒုက္ခရောက်ပါတယ်။
အဲ့ဒီနောက်ပလူတွေထွက်လာပြန်
တော့လည်းမျက်စိထဲဝင်ပြီးဆိုင်ကယ်
လဲမှာ တိုက်မှာဆိုးလို့ ရင် တ မမနဲ့
စီးခဲ့ရပါတယ်။အစ္စဏီပြောတဲ့စကား
ကFacebookပေါ်မှာHotဖြစ်တုန်း
ကဆိုရင်"စိမ်းရွှင်ရွှင်အကောင်တွေ
ကိုမေးလိုက်ပါ လမ်းပေါ်တက်ပြီး
လူတွေကိုဒုက္ခပေးရတာပျော်ရဲ့လား?
"ဆိုတဲ့Statusတွေတောင်မြင်လိုက်
ရပါသေးတယ်။တခြားနေရာဒေသ
တွေတော့မသိဘူးပေါ့နော်။
ကျွန်တော်တို့အညာဒေသကတော့
မိုးရာသီစပြီဆိုရင် ဒါမျိုးတွေ အမြဲ
လိုလိုကြုံတွေ့နေရတတ်ပါတယ်။
တကယ်တော့ ဒါကြီးကို ကိုယ့်မှာ
ပြဿနာတစ်ရပ်အဖြစ်ခံယူထားနေ
ကြလို့ပါ။အတွေ့အကြုံတွေကပဲ
ပြဿနာဖြေရှင်းနည်းတွေကိုပိုမို
တိုးတက်စေခဲ့တာလို့ထင်ပါတယ်။
ဟိုနေ့ကပဲ လေတပ်မှာဗိုလ်ဖြစ်နေ
တဲ့ကျွန်တော့်သူငယ်ချင်းပြန်ရောက်
လာတယ်။သူနှင့်ကျွန်တော်လည်း
တောင်တွင်းကြီးဘက်ကို ကိစ္စတစ်ခု
ကြောင့်ဆိုင်ကယ်နဲ့Highway
သွားဖြစ်တယ်။အဲ့တော့တိုက်တိုက်
ဆိုင်ဆိုင်ဖြစ်ပုံလေးပြောပြချင်တာပါ။
ဆိုင်ကယ်စီးနေရင်းနဲ့လမ်းဘေးမှာ
ရှိတဲ့ပျားမွေးမြူရေးသေတ္တာထဲက
ပျားတစ်ကောင်ထွက်လာပြီး ဆိုင်ကယ်ဦးထုပ်မှန်ချထားတဲ့
အောက်ကိုဝင်လာတယ်။
ကျွန်တော်လည်းလန့်သွားတာပေါ့။
ဒါနဲ့ချက်ချင်းဆိုသလို လမ်းဘေးကို
ထိုးရပ်လိုက်တယ်။နောက်က ကားကြီးတစ်စီးကဟွန်းတီးပြီးကျော်သွားတယ်။
လမ်းဘေးအချမမြန်ဘဲ
တုန့်လိုက်ရင်နောက်ကဝင်တိုက်တော့
မှာလေ။ ဦးထုပ်ကိုဆွဲချွတ်လိုက်
တော့မှန်မှာနားနေတဲ့ပျားကပျံထွက်
သွားတယ်။ကျွန်တော့်လုပ်တာကို
ကြည့်ပြီး ကျွန်တော့်သူငယ်ချင်းက
ပြုံးစိစိနဲ့သဘောကျ
သလိုရယ်နေတယ်။ကျွန်တော်လည်း
"မင်းကဘာရယ်တာလဲ"လို
့မေးလိုက်တော့သူက
ပြန်ပြောတယ်လေ။"ပျားတုပ်လို့
မသေပါဘူး နောက်ကကားတိုက်လို့
သေမှာ"တဲ့။သူပြောတာလဲဟုတ်တာ
ပဲ။နောက်ပြီးသူကဆက်ပြောတယ်။
"မင်းမောင်းနေတာက ဆိုင်ကယ်ပါ။
ပေနှစ်သောင်းလောက်အမြင့်က
လေယာဉ်မဟုတ်ဘူး။ဘရိတ်ကလေး
နင်းရုံနဲ့ရပ်နိုင်တယ်။နောက်ပြီး
ရန်သူ့နယ်မြေထဲမှာလည်းမဟုတ်ဘူး။
ဒီတော့ ဒီလောက်အလျင်လိုစရာ
မလိုပါဘူး"တဲ့လေ။

သူပြောတာတွေကလည်းမှန်နေတာပဲ
လေနော်။ကျွန်တော်တို့တွေဟာ
နေ့စဉ်ဘဝမှာ အသက်နဲ့အဝေးကြီး
ဆိုတဲ့အရာတွေကိုရေးကြီးခွင်ကျယ်
လုပ်ပြီးဘယ်လောက်တောင်စိတ်
ဒုက္ခတွေခံနေကြရလဲ?
FacebookလိုSocial Mediaမှာလည်း
ဘာမှမဟုတ်တဲ့ကိစ္စတွေကိုပုံကြီးချဲ့
ကြရင်း ပြဿနာတွေကြီးထွားလာ
တယ်။ဥပမာ-ပျော်ပျော်ရွှင်ရွှင်ဖြစ်ရ
မယ့်သီချင်းဆိုပွဲ(Myanmar Idol)
ဆိုရင် ရန်တိုက်ပေးပွဲ ကြီးကိုဖြစ်လို့။

ကျွန်တော်တို့တွေကဘာလို့လောက
ရဲ့ဖြစ်စဉ်တွေကို ကျေကျေနပ်နပ်
လက်မခံနိုင်ကြရတာလဲ?
အဆိုးဆုံးအခြေအနေတွေနဲ့သာ
ယှဉ်တွေးလိုက်ရင် လက်ရှိပြဿနာ
ဆိုတာဘာမှမဟုတ်တော့ပါဘူး။

ဒီPostလေးကိုဖတ်ပြီး ကျွန်တော်
ပေးချင်တဲ့Massageကိုရမယ်လို့
ထင်မိပါတယ်။နောက်လဲအခုလို
မတူညီတဲ့ရှုထောင့်လေးတွေကနေ
ရေးနိုင်ဖို့ကြိုးစားပါဦးမယ်။
ဆက်လက်အားပေးကြပါဦးနော်။
image
Written by:Aung Thar Kyaw
@aungtharkyaw
MSC-138

Sort:  

ကောင်းပါတယ်​ဗျာအသိတခုတိုးတာ​ပေါ့

ဟုတ် ကျေးဇူးပါ နောက်လည်းဆက်လက်ရေးသားပါဦးနော်

ညီ‌ပေးတဲ့ massage ‌လေးကြိုက်‌တယ်‌။ကိစ္စတစ်‌ခု ပြဿနာတစ်‌ရပ်‌မှာကြီး ခြင်း‌သေး ခြင်းဟာ ကိုယ့်‌ ခံယူမှု အ‌ပေါ် မူတည်‌တာပါ။

ဟုတ်ပါတယ်အစ်ကိုရေ

ကိုယ်အပေါ်မှာ မူတည်တာပေါ့

ကိုယ်ခံယူတတ်ဖို့ပဲလိုတာပေါ့ဗျာ

ကြီးတဲ့အမှုငယ်အောင် ငယ်တဲ့အမှုပပျောက်အောင် လူ့ဘဝကြီးမှာ အံဝင်ခွင်ကျနဲ့နေတက်ရင် ကျေနပ်စရာပါ

အဲ့လိုနေတတ်အောင်နေရမှာပေါ့နော်

သိပ်ကောင်းမွန်တဲ့ message လေးပါပဲ

ဟုတ် ကျေးဇူးပါဗျ

ကိုယ်ခံယူသလို ကိုယ်ရွေးချယ်ထားတဲ့အတိုင်း လျှောက်လှမ်းရတာ များပါတယ်

အမှန်ပဲပေါ့ ကိုဟိန်းရာ

အရာရာကို ရှုမြင်တဲ့နေရာမှာ ကွဲပြားသွားတတ်ပါတယ် good massage ပါ

ဟုတ် ဖတ်ပေးလို့ကျေးဇူးပါဗျ

ဟုတ်​ကဲ့ပါဗျာ ​ရေးပါအုံး ☺

ဟုတ်ရေးမှာပါ ဆက်ဖတ်ပေးပါဦးနော်

လူငယ်အတွေးအရေးအားပေးသဟေ့

ဟုတ် ဆက်လက်ရေးသားပါ့မယ် အားပေးပါဦးနော်

တရားခံက ကိုယ်ပဲပေါ့

ကိုယ်တိုင်ပဲပေါ့ဗျာ