Bluff

in #esteem-awesome6 years ago

ကြွားကြွားဝါဝါ မနေတတ်သူ
တစ်ယောက်မို့ ဘာပိုင်ဆိုင်မှုမှ
မယ်မယ်ရရ မရှိသူလို့
မထင်လိုက်ပါနဲ့ . .

လောကမှာ သေချာတတ်တာ
တစ်ခုက တကယ် ချမ်းသာပြီး
အသိဥာဏ်ရှိသူ တစ်ယောက်ဟာ
မရှိဘူး အထင်ခံရမှာ တွေးမပူဘူး
ကြွားဝါပြီး ဟန်လုပ်ရင်း
အန္တရာယ်တွေကို မဖိတ်ခေါ်တတ်ဘူး . .

မရှိသူ အားငယ်အောင်
အားကျအောင် မလိုအပ်ပဲ
ရှိတာကို ထုတ်ထုတ် မပြတတ်ဘူး . .
အပေါ်ယံတွေနဲ့ကြွားကြွားဝင့်ဝင့်
တန်ဆာဆင်ရင်း ဂုဏ်မောက်လေ့
မရှိပါဘူး . .

ပြည့်တဲ့အိုးဟာ
ဘောင် မခတ်တတ်ပါဘူး . .

ကိုယ်ကောင်းတာ..
သူများမသိလည်း ကိစ္စမရှိပါဘူး ..
ကောင်းမြဲအတိုင်း ကောင်းနေပါ . .

ကိုယ့် စေတနာ မှန်မှန်း ..
လူတွေ မသိလည်း ကိစ္စ မရှိပါဘူး . .
စေတနာ ပါပါသာ လုပ်နေပါ . .

ကိုယ် ကောင်းတယ် မကောင်းဘူး..
စေတနာပါတယ် မပါဘူးဆိုတာ..
ဘယ်သူမှ အသိအမှတ် မပြုပေးလည်း ဘုရားသိတယ် ကိုယ်ကိုတိုင်လည်း သိနေတယ် . .

ကိုယ်ကောင်းတဲ့ အကျိုး..
ကိုယ့် စေတနာ အကျိုးဟာ..
ကိုယ်ကိုတိုင်အတွက် . .
ချက်ချင်းလက်ငင်း ရောင်ပြန်..
မဟပ်ခဲ့ရင်တောင်မှ . .

ကောင်းခဲ့တဲ့ ကိုယ့် ..
လုပ်ရပ်တွေကြောင့်..
သား သမီး မြေး မြစ်တွေရဲ့ ..
ဘဝ ခရီးလမ်းကိုပါ ဖြောင့်ဖြူး..
သာယာ လှပစေတတ် ပါတယ်..
အကျိုး ပြုပေးတတ်ပါတယ် . .

ရေခံ မြေခံကောင်းမှာ..
ကောင်းတဲ့ မျိုးစေ့ ကျဲမှတော့..
မျိုးကောင်း မျိုးသန့်အပင်လေးတွေ ..
ရှင်သန်ပေါက်ဖွားလာမှာက..
သေချာနေတတ်ပါတယ် . .

@sehunni